လိပ်သိုမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လိပ်သိုမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်း ဆောင်ရွက်




MNP ၊ ဇူလိုင် ၁၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ကျောင်းသား/ကျောင်းသူများနှင့် မြို့နေပြည်သူများ မိုးရာသီကာလ ရောက်ရှိလာပြီဖြစ်သောကြောင့် ခြင်ပေါက်ပွားမှု လျော့နည်းစေရန်၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းကို မြို့ပေါ်/ရပ်ကွက်များတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန် က တိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် တိုက်နယ်ကျန်းမာရေး ဌာနမှဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ပြည်သူများ ပူးပေါင်း၍ လိပ်သိုမြို့အတွင်းရှိ ရပ်ကွက်နေပြည်သူများ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်ရန်အတွက်  မြို့ပေါ်/ရပ်ကွက်များအတွင်းတွင် (ဖုံး၊ သွန်၊ လဲ၊ စစ်) ရေစည်၊ ရေအိုး၊ ရေကန်များထဲသို့ အဘိတ်ဆေးခတ်ခြင်းများကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်နိုင်ရန်အတွက် အဘိတ်ဆေးခပ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများကို တိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျန်ရှိနေသော စာသင်ကျောင်းများ၊ ရပ်ကွက်/ကျေးရွာများသို့လည်း ဆက်လက်ကွင်းဆင်း၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ မိမိတို့၏ ပတ်ဝန်းကျင်တွင် သန့်ရှင်းရေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ခြင် မပေါက်ပွားအောင် အထူးဂရုစိုက် လုပ်ဆောင်ကြရန် လိုအပ်ကြောင်းနှင့် အသိပညာ ပေးခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ခင်လေးနွယ် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)