Pages

Pages

ပင်းတယမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ဇီဝဆိုင်ရာ အချက်အလက်များ ဆက်လက်ကောက်ယူ


MNP ၊   ဇူလိုင် ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ဒေသ အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား လူတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို ဆင်ခေါင်းရပ်ကွက်အတွင်းရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၌ ဆောင်ရွက်ပေးလျက်ရှိသည်။


အဆိုပါ လုပ်ငန်းကို ပင်းတယမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ချိုဦးဆောင်၍ ဝန်ထမ်းများက ဇွန်လ ၂၂ ရက်နေ့မှ စတင်ဆောင်ရွက် ပေးခဲ့ပြီး QR Code ပါသည့် ဂဏန်း (၁၀)လုံးပါသော Unique ID နံပတ်ပါ နံပါတ်ပြန်လည် ထုတ်ပေးလျက်ရှိကြောင်းနှင့် ပထမဦးတည်အုပ်စုအဖြစ် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုဝင်များ၊ အသက်(၁၀)နှစ်အထက် ကျောင်းသား/ကျောင်းသူများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း များ၊ ရဟန်းသံဃာများနှင့် သီလရှင်များ စုစုပေါင်း (၁၀၁၇၁)ဦးကို လျာထားဆောင်ရွက် လျက်ရှိပြီး ဇူလိုင်လ ၆ ရက်နေ့အထိ (၉၈၄)ဦး ဆောင်ရွက်ပေးနိုင်ခဲ့ ပြီးဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။


ရဲထက်ဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment