Pages

Pages

အခြေခံပညာအထက်တန်းကျောင်း(ပေါက်တော)၌ လူငယ်စကားဝိုင်း ကျင်းပ






MNP ၊ ဇူလိုင် ၁၈                                       

လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူး​ပေါင်းကျင်းပ​သော လူငယ်စကားဝိုင်းကို ယ​နေ့ ညနေ ၃ နာရီက အထက ပေါက်တောမြို့ရှိ  စုပေါင်းခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန် က အဖွင့်အမှာစကား ပြောကြားသည်။


ဆက်လက်၍ လူငယ်စကားဝိုင်းအား စတင်ရာ ဦး​ဆောင်​​ဆွေး​နွေးသူအဖြစ် ပေါက်တောမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က ဦးဆောင်ဆွေးနွေး ကာ Grade - 9မှ ကျောင်းသူ မမေသန်းစိုး က“လူငယ်နဲ့ပေါင်းသင်းဆက်ဆံရေး”၊ Grade-9 မှ ကျောင်းသူ မအေးအေးစိုး က “လူငယ်နှင့်စာဖတ်ခြင်း” Grade- 9မှ ကျောင်းသား မောင်ဦး​မြင့်ဌေး  “လူငယ်နှင့်မူး ယစ်ဆေးဝါး” Grade-9 မှ ကျောင်းသား မောင်အောင်မင်းသန်း က “လူငယ်နဲ့ကြီးပွား ရေး” အစရှိသည့်​ ခေါင်းစဉ်ပါအ​ကြောင်းအရာများကို​ ဆွေး​နွေးကြသည်။


ထို့နောက် တက်ရောက်လာကြသည့်     ကျောင်းသား ကျောင်းသူများက မိမိတို့သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား ကျောင်းသူ လေး ဦးကပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးကြသည်။ အဆိုပါလူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ ပေါက်တောမြို့ အထကကျောင်းမှ ကြီးကြပ်ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ၁၀၀ ဦးခန့် တက်ရောက်ကြသည်။


ထို့ပြင် ခန်းမအတွင်း ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် ကလေးအလုပ်သမားများပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင် နှင့် လူကုန်ကူးမှု အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။


ဝင်းမင်းစိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment