Pages

Pages

လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ



MNP ၊ ဇူလိုင် ၁၉

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများတွင်  ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပသည်။


ရှေးဦးစွာ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင် ဗိုလ်မှူးမင်းကျော်သူက အမှာစကားပြောကြားခဲ့ပြီး အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင်  ပထမဆုရရှိသည့် မစုစုမျိုး၊ ဒုတိယဆုရရှိသည့် မယွန်းလဲ့အိမ်၊ တတိယဆုရရှိသည့် မောင်ဇင်ဘုန်းလူ၊  မူလတန်းအဆင့်ကဗျာရွတ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မအိမ်ဂျယ်သွန်း၊ ဒုတိယဆုရရှိသည့် မဇွန်ပန်းဖြူ၊ တတိယဆုရရှိသည့် မသမုဒယခိုင်နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မကေဇင်သက်၊ ဒုတိယဆုရရှိသည့် မအိန်ဂျယ်သွန်း၊ တတိယဆုရရှိသည့် မမေသူဝင်းတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဝင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး မိုးကျော်သူ၊ မြို့နယ်လဝကဦးစီးမှူး ဦးခင်မောင်ထွေးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဆုများပေးအပ်ချီးမြှင့်သည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့်  လူငယ်ရေးရာစာအုပ်ပြပွဲများပြသခဲ့ကြောင်း သိရသည်။


ထိုက်ထိုက်

https://t.me/MyanmarNationalPost




No comments:

Post a Comment