စစ်ကိုင်းတိုင်းဒေသကြီးအစိုးအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဟုမ္မလင်းခရိုင်ရှိ ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊စီးပွားရေး လုပ်ငန်းရှင်းများနှင့်တွေ့ဆုံပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးအစိုးအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဟုမ္မလင်းခရိုင်ရှိ ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊စီးပွားရေး လုပ်ငန်းရှင်းများနှင့်တွေ့ဆုံပွဲကျင်းပ




MNP ၊ ဇူလိုင် ၁၂

စစ်ကိုင်းတိုင်းဒေသကြီးအစိုးအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဟုမ္မလင်းခရိုင်ရှိ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးအစီအစဥ်ဖြင့် ပူးပေါင်းဆောင်ရွက်သည့် စီးပွားရေးလုပ်ငန်းရှင်းများ၊ စိုက်ပျိုးရေး/ မွေးမြူရေး တောင်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ဟုမ္မလင်းမြို့တော်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ဟုမ္မလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲဝင်းက ခရိုင်နှင့်ပတ်သတ်သည့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်နိုင်ငံစီးပွားမြှင့် တင်ရေးအချက်အလက်များကို ရှင်းတင်ပြခဲ့သည်။


ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးအဖွဲ့ တိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနလုပ်ငန်းအကြောင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု များနှင့်ပတ်သတ် ၍ ရှင်းလင်းပြောကြားခဲ့​ကြကြောင်းသိရသည်။


တက်ရောက်လာသော နိုင်ငံစီးပွားမြှင့်တင်ရေးအစီအစဥ်ဖြင့် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်သည့် စီးပွားရေးလုပ်ငန်းရှင်းများ၊ စိုက်ပျိုးရေး/ မွေးမြူရေး တောင်သူ(၃)ဦးက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန် ရှိသူများက ပြန်လည် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။


ဆက်လျက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် ဝန်ထမ်းများအတွက်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာတာဝန်ရှိသူများ အသီးသီး လက်ခံရယူခဲ့ကြ ကြောင်းသိရသည်။


အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟုမ္မလင်းခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဥ်ဖြင့်ပူးပေါင်းဆောင်ရွက်သည့် စီးပွားရေးလုပ် ငန်းရှင်းများ၊ စိုက်ပျိုးရေး/ မွေးမြူရေးတောင်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)