Pages

Pages

နတ်မောက်မြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး




MNP ၊ ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေး လုပ်ငန်းများအား ယမန်နေ့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူထံက သိရသည်။


မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသည့် ရွှေလက်ပံလမ်း ကွန်ကရစ်ခင်းခြင်း၊ ဘုရားကြီးကျောင်းတိုက်လမ်း ကွန်ကရစ်ခင်းခြင်း၊ မြို့မ  ကျောင်းလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ ရှင်အရဟံလမ်း ကွန်ကရစ်ခင်းခြင်း၊ ရွှေကြာလမ်း ကျောက်ချော ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို  မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့မှ မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ခံအင်ဂျင်နီယာမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။


မူမူစန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment