Pages

Pages

ကျိုက်ထိုမြို့၌ (၇၆)နှစ်မြောက် အာဇာနည် နေ့အထိမ်းအမှတ်ဟောပြောပွဲ၊စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲ ပြုလုပ်







MNP ၊ ဇူလိုင် ၁၂

 မွန်ပြည်နယ်၊ကျိုက်ထိုမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင်(၁၂)ရက် နေ့လယ် ၁ နာရီက  (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊စွမ်းရည်ပြိုင်ပွဲနှင့်နံရံကပ်၊စာစောင်ပြပွဲကို မူလွန်(၁)ကံ့ကော်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


   ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အာဇာနည်နေ့ အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ကျောင်းအုပ်ဆရာမကြီးဒေါ်စန်းစန်းမွန်က  လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများ အကြောင်းတို့ကို‌ ဆွေးနွေးပြောကြားပြီး အာဇာနည်နေ့ အထိမ်းအမှတ် စွမ်းရည်ပြိုင်ပွဲများပြုလုပ်ကာ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။


  ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment