Pages

Pages

ပုဏ္ဏားကျွန်းမြို့၌ ၇၆ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်၊ ဆွမ်းဆက်ကပ်လှူဒါးပွဲ ကျင်းပ







MNP ၊ ဇူလိုင် ၁၉

    ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ၇၆ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ပုဏ္ဏားကျွန်းမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဝင်းမောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယနေ့၊ နံနက် ၉ နာရီ ၁၅ မိနစ်က ပုဏ္ဏားကျွန်းမြို့၊ မြို့မပရိယတ္တိကျောင်းတိုက်၊ သုခါဝသ ကျောင်းတော်ကြီးမြေညီထပ်၌ ကျင်းပခဲ့သည်။


 အခမ်းအနားသို့ ပုဏ္ဏားကျွန်းမြို့နယ် ၏ ပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်တပ်မတော်အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး၊ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကာ ကျောင်းတိုက်ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ဆက်လက် ၍ ဆရာတော် သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ် ပရိတ်တရားတော်များကို ရွတ်ပွားချီးမြှင့်တော်မူကြပြီး၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ၊ သာသနဓဇဓမ္မာစရိယ၊ မဟာဓန္တဝါစကဘွဲ့တံဆိပ်တော်ရ ပဓာနနာယက ဘဒ္ဒန္တ ပဏ္ဍိတက အာဇာနည် နိုင်ငံတော်ခေါင်းဆောင်ကြီးများအား ရည်မှန်း၍ လှူဒါန်းခဲ့သည့် ဆွမ်းအကျိုးတရားတော်ကို  ဟောကြားချီးမြှင့်တော်မူသည်။


    ထိုနောက် ဗိုလ်မှူးချုပ် ဝင်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်များက ဆရာတော် သံဃာတော်များအား နဝကမ္မနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချအမျှပေးဝေကာ ဆရာတော် သံဃာတော်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment