ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့နဲ့ ပြည်တွင်းမှာ အကြမ်းဖက်လှုပ်ရှားမှုများ လုပ်ဆောင်နေကြတဲ့ PDF အကြမ်းဖက်သမားတွေက သူတို့ကို မထောက်ခံတဲ့သူ မှန်သမျှ ဒလန်၊ ပျူစောထီး၊ စစ်ခွေး အစရှိသဖြင့် ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး သတ်ဖြတ်ခဲ့ကြပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဒေါ်အောင်ဆန်းစုကြည် ဟာ NUG, PDF ကို ထောက်ခံအားပေးခြင်း မရှိဘူးလို့ ဆိုပါတယ်။
NLD ပါတီက အမတ်ဟောင်းတစ်ဦးဖြစ်တဲ့ ဒေါ်စန္ဒာမင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကတော့ ပါတီရဲ့ မူဝါဒအတိုင်းပဲ ရပ်တည်ဖို့ တရားခွင်မှာလည်း NUG, PDF ကို အားပေးထောက်ခံခြင်း မရှိတဲ့အကြောင်း ထွက်ဆိုဖူးတယ်လို့ သတင်းတွေမှာ ဖော်ပြလာတာကို တွေ့ရပါတယ်။
ဒီကနေ့ ထွက်ပေါ်လာတဲ့ ထိပ်တန်းသတင်းတစ်ခုကတော့ Pan Orient News က ဖော်ပြခဲ့တဲ့ အကျဉ်းကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့တဲ့ သတင်းပဲ ဖြစ်ပါတယ်။
PanOrient News ရဲ့ ဖော်ပြချက်မှာတော့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဒွန်ပရာမုဒ်ဝီနိုင်းက မြန်မာနိုင်ငံတွင် ဇူလိုင် ၉ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်တစ်ခုက PanOrient News သို့ ပြောကြားခဲ့သည်။
သတင်းမှာ ထူးခြားချက်အနေနဲ့ "သတင်းရင်းမြစ်များ အရ ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံအစိုးရမှ အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ထားပြီး အနောက်နိုင်ငံများ၏ ပံ့ပိုးမှုဖြင့် အပြစ်မဲ့ ပြည်သူများကိုသတ်ဖြတ် နေသည့် (PDF) နှင့် (NUG) ကို အသိအမှတ် မပြုကြောင်း" ဖော်ပြထားတာကို တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရဲ့ သဘောထားက အဲဒီလို ရှိတယ်ဆိုရင်ဖြင့် CRPH, NUG, PDF တို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဒလန် သတ်မှတ်တော့မှာလို့ မေးစရာ ဖြစ်လာပါတယ်။ NUG အကြမ်းဖက်အဖွဲ့ဟာ သူတို့ရဲ့ အတိုင်ပင်ခံ နေရာမှာ ဒေါ်အောင်ဆန်းစုကြည် ကို ထားပေးပါတယ်။ CRPH, NUG အဖွဲ့ဝင်တွေအနေနဲ့ကလည်း ပြည်သူလူထု ထောက်ခံအားပေးမှုရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ခုတုန်းလုပ်ပြီးတော့ အကြမ်းဖက်အဖွဲ့တွေကို ဖွဲ့စည်းခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အနေနဲ့ NLD အစိုးရလက်ထက်က ခေါ်ယူထားတဲ့ နိုင်ငံခြားသာ အကြံပေး ရှောင်တာနာကို လွှတ်ပေးလိုက်တဲ့အချိန်မှာ ရှောင်တာနာ က RFA သတင်းဌာန က ဂျင်းခင်မောင်စိုး တို့ တွေ့ဆုံတုန်းက ဒေါ်အောင်ဆန်းစုကြည် က NUG, PDF အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်တွေကို ထောက်ခံနေသယောင် လုပ်ကြံဖန်တီး ဝါဒဖြန့်ခဲ့ကြပါတယ်။
ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့များအနေနဲ့က ဘယ်လောက်အထိတောင် ယုတ်မာရိုင်းစိုင်းသလဲ ဆိုရင် ကိုယ့်လုပ်ဖော်ကိုင်ဖက် NLD ပါတီဝင် အချင်းချင်းကိုတောင် သူတို့ရဲ့ အကြမ်းဖက်လမ်းစဉ်နောက်ကို လိုက်ပါ ဆောင်ရွက်ခြင်း မရှိတဲ့ ဒေါ်စန္ဒာမင်း၊ ဦးတိုလွင် တို့ကိုပါ လုပ်ကြံသတ်ဖြတ်ခိုင်းတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
အခုလို ဒေါ်အောင်ဆန်းစုကြည့်ရဲ့ သဘောထား ထွက်လာခြင်းဟာ အပြုသဘောဆောင်တဲ့ သဘောထားမျိုးကို ကြားသိလိုက်ရတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် တစ်ဦးအနေနဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို သတ်ဖြတ်နေတဲ့ NUG, PDF တို့ကို အသိအမှတ်ပြုပြီး ထောက်ခံအားပေးမိမယ်ဆိုရင်လည်း ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ညီညွတ်တော့မှာ မဟုတ်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည် ကို အားပေးထောက်ခံတဲ့စိတ်နဲ့ ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ကြံဖန်တီးဝါဒဖြန့်ချိမှုတွေနောက်မှာ လိုက်ပါပြီး PDF အကြမ်းဖက်သမားများအဖြစ်နဲ့ ဆင်ကန်းတောတိုး လုပ်နေကြတဲ့ အကြမ်းဖက်သမားတွေ အနေနဲ့ အသိ၊ သတိကပ်ပြီး နိုင်ငံတော်အစိုးရ က ဖိတ်ခေါ်ထားတဲ့ လက်နက်တွေ အပ်နှံပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်ဖို့ အကောင်းဆုံး အချိန်အခါ ဖြစ်ပါတယ်။
အနောက်အုပ်စုရဲ့ ကူညီပံ့ပိုးမှုနဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ အကြမ်းဖက်လမ်းစဉ်နောက်ကို ဆက်လိုက်မယ်ဆိုရင်ဖြင့် ဒေါ်အောင်ဆန်းစုကြည် ကို အားပေးထောက်ခံပါတယ်ဆိုတဲ့ သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်နောက်ကို မလိုက်ဘဲ ဒေါ်အောင်ဆန်းစုကြည် ကိုပါ ဒလန်လို့ ခေါင်းစဉ်တပ်ကြမှာလား။ မှားခဲ့တာတွေလည်း များပြီ။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ အလိုကျ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၅၈၉၃ ဦး အထိ သတ်ဖြတ်ခဲ့ပြီဖြစ်တဲ့ NUG, PDF အကြမ်းအဖွဲ့တွေရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှုဟာ မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံး အကြမ်းဖက်အဖွဲ့များအဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။
နောင်တော်လေး (ဘိုကလေး)
#MyanmarNationalPost

No comments:
Post a Comment