ပေါင်းတည်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ ကဗျာရွတ်နှင့် စာအုပ်စာစောင် ပြပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်းတည်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ ကဗျာရွတ်နှင့် စာအုပ်စာစောင် ပြပွဲ ကျင်းပ






MNP ၊ ဇူလိုင် ၁၄

ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊ပေါင်းတည်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းကကျင်းပပြုလုပ်သည်။


ဦးစွာ ဟောပြောပွဲကိုကျင်းပပြုလုပ်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးဆင့်က အာဇာနည်စိတ်ဓာတ်နှင့် အာဇာနည်နေ့ ပေါ်ပေါက်လာပုံအကြောင်း ဟောပြောပြီး ကဗျာရွတ်ဆိုပြိုင်ပွဲကိုဆက်လက်ကျင်းပရာ အမက ရွှေတည်ကျောင်း Grade-4 ကျောင်းသား၊ ကျောင်းသူလေးများက ဗိုလ်ချုပ်အာဇာနည် ကဗျာများဖြင့် ဂုဏ်ပြုရွတ်ဆို ပါဝင်ယှဉ်ပြိုင်ကြသည်။


ထို့နောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်ပြပွဲကို  ကျောင်းသား/ကျောင်းသူကလေးများက စိတ်ဝင်တစားလေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


သူရကြီး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)