အ.လ.က (ခွဲ) ယင်းမလွတ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အ.လ.က (ခွဲ) ယင်းမလွတ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ



MNP ၊ ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ၊စားသုံးသူရေးရာဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် အ.လ.က(ခွဲ)ယင်းမလွတ်တွင် ကျင်းပပြုလုပ်ခဲ့သည်။


အသိပညာပေးဟောပြောပွဲတွင် အ.လ.က (ခွဲ)ယင်းမလွတ် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးအကြောင်းအရာများ ၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေဒီလွင်က လူငယ်နှင့်ခေါင်းဆောင်မှုအကြောင်း သိကောင်းစရာများနှင့် ကျောင်းသား/ကျောင်းသူများအားကစားကို စိတ်ပါဝင်စားလာစေရန် အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက စားသုံးရန်မသင့်သည့် အစားအစာများကို စားသုံးရန်မသင့်သည့် အကြောင်းအရာများ ၊ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိဒေါ်လဲ့လဲ့မိုးက ကျားမရေးရာအကြမ်းဖက်မှုနှင့် သက်ငယ်မုဒိန်းမှုအသိပညာပေး အကြောင်းအရာများကို အသီးသီးအသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။


ဝေယံ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)