Pages

Pages

ချမ်းအေးသာစံမြို့နယ်ရွှေပြည်သစ် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်နှင့် ညောင်ဦးမြို့နယ် သမဝါယမအသင်းစုတို့ ပူပေါင်း၍ မြေပဲဆီသန့်ဖြန့်ဖြူးရောင်းချ


MNP ၊   ဇူလိုင် ၇

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ရွှေပြည်သစ် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း လီမိတက်နှင့် ညောင်ဦးမြို့နယ် သမဝါယမအသင်းစုတို့ ပူးပေါင်းပြီး မြေပဲဆီသန့်များအား ဖြန့်ဖြူးရောင်းချခြင်းကို ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ ၃၀လမ်းနှင့်၆၈ လမ်းထောင့်၊ စုပေါင်းရုံးဝင်း အတွင်းရှိ မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနမှူးရုံးတွင် ပြုလုပ်ခဲ့သည်။


ယင်းသို့ ညောင်ဦးမြို့နယ် သမဝါယမအသင်းစု အနော်ရထာဆီစက်လုပ်ငန်းမှ ဝယ်ယူထားရှိသော မြေပဲဆီသန့် (၁၇၅)ပိဿာအား ဖြန့်ဖြူးရောင်းချပေးခြင်းဖြင့် မြေပဲဆီသန့် စားသုံးသူ အသင်းသားပြည်သူများ ဈေးနှုန်း ချိုသာစွာ ဝယ်ယူစားသုံးနိုင်ပြီး ဒေသတွင်း စားသုံးဆီ  ဖူလုံစေရန် ရည်ရွယ်၍   မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံသမဝါယမအသင်းများမှ အသင်းသား(၄၅)ဦးသို့ သမဝါယမကဏ္ဍမှ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း   သိရသည်။


ထိပ်ထားနိုင်

 https://t.me/MyanmarNationalPost 





No comments:

Post a Comment