ကြံခင်းမြို့နယ်တွင် အခွန်လွတ်ဈေး(နေ့စဉ်) ဖွင့်လှစ် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်တွင် အခွန်လွတ်ဈေး(နေ့စဉ်) ဖွင့်လှစ် ရောင်းချပေး


MNP ၊ ဇူလိုင် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်အခြေခံစားသောက်ကုန်များကို မြို့နယ်အတွင်းရှိ ပြည်သူများ ဈေးနှုန်း မှန်ကန်ချိုသာစွာ  ဝယ်ယူစားသောက်နိုင်‌ရေးအတွက် အခွန်လွတ်ဈေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့်  ယနေ့နံနက်ပိုင်းက ကြံခင်းမြို့  ဗိုလ်ချုပ်လမ်း၊ တင်းနစ်ကွင်းရှေ့တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ရောင်းချပေးရာတွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ အသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်တစ်ပြည်(၃၀၀၀)ကျပ်၊ ဆီတစ်ပိဿာ (၅၀၀၀)ကျပ်၊ ကြက်သားတစ်ပိသာ(၁၀၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၂၀)ကျပ်နှုန်းနှင့် ဟင်းသီး၊ ဟင်းရွက်များ စသော အခြေခံစားသောက်ကုန်များကို ဈေးနှုန်းမှန်ကန်ချိုသာစွာရောင်းချပေးလျက်ရှိကြောင်း သိရသည်။


ကြံခင်းမြို့နယ်အတွင်း အခြေခံစားသောက်ကုန်များအား အခွန်လွတ်ဈေးဖွင့်လှစ်ရောင်းချပေးခြင်းကို (နေ့စဉ်) နံနက်တိုင်း ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း   မြို့နယ်စည်ပင် သာယာရေးမှတာဝန်ရှိသူထံက သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)