Pages

Pages

တပ်ကုန်းမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ


MNP ၊ ဇူလိုင် ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ပိုမိုဖွံ့ဖြိုးလာစေရန်ရည်ရွယ် ကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် ကျင်းပသည်။


ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က လူငယ်နှင့်စာဖတ်ခြင်း၊ မြို့နယ်အမျိုးသမီးအဖွဲ့ (Woman Club) ဥက္ကဋ္ဌ ဒေါ်သင်းသင်းလှိုင် (သင်း သင်းလှိုင်-တပ်ကုန်း)က လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်တို့ဖြင့် အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့သည်။


အဆိုပါဟောပြောပွဲသို့ ရွှေရောင်အနာဂတ် (Golden Future) ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူနှင့် ကျောင်းသားမိဘများ စုစုပေါင်း ၅၂ ဦး တက်ရောက်ခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များအား လေ့လာကြည့်ရှုကြောင်း သိရသည်။


တင်စိုးလွင်

https://t.me/MyanmarNationalPost




No comments:

Post a Comment