Pages

Pages

ကျွန်းစုမြို့တွင် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါ မဖြစ်ပွားရန်အတွက် အသိပညာပေး‌ ဟောပြောပွဲ‌ ဆောင်ရွက်




MNP ၊ ဇူလိုင် ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြည်သူများ သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါ မဖြစ်ပွားရန်အတွက် ယမန်နေ့ မွန်းလွဲ(၁) နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဟောပြောရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးက မိုးရာသီ ကာလတွင် ခြင်၊ ယင်ကြောင့် ဖြစ်သည့် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်ပွားစေရေးအတွက် ရောဂါ နှိမ်နင်းသည့် နည်းလမ်းများ၊ ရောဂါအန္တရာယ်လက္ခဏာများကို အဆိုပါမူကြိုကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ၏ အုပ်ထိန်းသူမိဘများအား လိုက်နာကျင့်သုံးနိုင်ရန်အတွက် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


ထက်မြင့်

https://t.me/MyanmarNationalPost











No comments:

Post a Comment