တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရုရှားဖက်ဒရေးရှင်းကောင်စီ ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရုရှားဖက်ဒရေးရှင်းကောင်စီ ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ




ပေကျင်း၊ ဇူလိုင် ၁၁ 

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ရုရှားဖက်ဒရေးရှင်းကောင်စီ ဥက္ကဋ္ဌ ဗယ်လန်တီနာ မတ်ဗီယန်ကို (Valentina Matviyenko) အား ပေကျင်းမြို့တော်၌ ဇူလိုင် ၁၀ ရက်က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ 

တရုတ်နှင့် ရုရှား နှစ်နိုင်ငံကြိုးပမ်းအားထုတ်မှုများအရ တရုတ်-ရုရှား ဆက်ဆံရေးသည် နယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်မှု၌ ပုံမှန်တိုးတက်မှုဖြင့် ခိုင်မာ၍ တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကို ထိန်းထားနိုင်ခဲ့ကြောင်း ရှီက မှတ်ချက်ပြုခဲ့သည်။ နှစ်နိုင်ငံကြား ကာလရှည်ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ လူမှုအခြေခံနှင့် ပြည်သူ့ဆန္ဒပံ့ပိုးမှုကလည်း ပိုမိုခိုင်မာလာခဲ့သည်။ 

“ဒီနှစ် မတ်လတုန်းက ရုရှားခရီးစဉ်အတွင်း သမ္မတ ပူတင်နဲ့ ကျွန်တော်တို့ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုနဲ့ နယ်ပယ်စုံမှာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေဖို့ အရေးပါတဲ့ သဘောတူညီချက်အသစ်တွေ ရရှိခဲ့ပါတယ်” ဟု ရှီက ပြောကြားခဲ့သည်။ 

တရုတ်-ရုရှား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုသည် မဟာဗျူဟာမြောက် ရွေးချယ်မှုဖြစ်ပြီး နှစ်နိုင်ငံအနေဖြင့် ၎င်းတို့၏ နိုင်ငံနှင့် ပြည်သူအသီးသီး၏ အခြေခံအကျိုးစီးပွားအပေါ် အခြေပြုထားကြောင်း ရှီက မှတ်ချက်ပြုခဲ့သည်။ 

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့်အတူ အပြန်အလှန်ကူညီဖေးမမှု၊ နက်ရှိုင်းသောပေါင်းစည်းမှု၊ ဆန်းသစ်တီထွင်မှုနှင့် အများအကျိုးနှင့် ဘုံအကျိုးဖြစ်ထွန်းစေသော ခေတ်သစ်မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးတက်မှုရှိစေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှီက ပြောခဲ့သည်။ 

ရုရှားဖက်ဒရေးရှင်းကောင်စီ ဥက္ကဋ္ဌ ဗယ်လန်တီနာ မတ်ဗီယန်ကိုကလည်း ရုရှားဖက်ဒရေးရှင်းကောင်စီအနေဖြင့် ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးအတွက် ပံ့ပိုးသွားမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ ခေါင်းဆောင်များ၏ သဘောတူညီချက်များ အကောင်အထည်ဖော်ရေးအတွက် ဥပဒေရေးရာအာမခံမှုပံ့ပိုးရန် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်နှင့်အတူ အားကောင်းသော ကူးလူးဖလှယ်မှုများ ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။  


Ref - (Xinhua) 

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)