ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ ရွှေနံ့သာဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းသို့ သွားရောက်ကာ ဆရာတော်ကြီးနှင့် သီလရှင်ဆရာလေးများအား ဖူးမြော်ကြည်ညို၍ စားရေရိက္ခာများဆက်ကပ်လှူဒါန်း၊ ဆရာတော်ကြီးနှင့် ကျောင်းရှိသံဃာတော်များကို နယ်မြေခံဆေးတပ်ဖွဲ့ဝင်များမှ ကျန်းမာရေးစောင့်‌ရှောက်ပေးနေမှုအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ ရွှေနံ့သာဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းသို့ သွားရောက်ကာ ဆရာတော်ကြီးနှင့် သီလရှင်ဆရာလေးများအား ဖူးမြော်ကြည်ညို၍ စားရေရိက္ခာများဆက်ကပ်လှူဒါန်း၊ ဆရာတော်ကြီးနှင့် ကျောင်းရှိသံဃာတော်များကို နယ်မြေခံဆေးတပ်ဖွဲ့ဝင်များမှ ကျန်းမာရေးစောင့်‌ရှောက်ပေးနေမှုအား ကြည့်ရှုအားပေး







MNP ၊ ဇူလိုင် ၁၂

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၊ ရွှေနံ့သာဘုန်းတော်ကြီးကျောင်းနှင့် သီလရှင် ကျောင်းသို့ သွားရောက်ကာ ဆရာတော်ကြီးနှင့် သီလရှင်ဆရာလေးများအား ဖူးမြော်ကြည်ညို၍ လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်ထုတ်များကို ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးနှင့် ကျောင်းရှိ သံဃာတော်အရှင်သူမြတ်များကို နယ်မြေခံဆေးတပ်ဖွဲ့ဝင်များမှ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား ကြည့်ရှု အားပေးသည်။ 


ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်၊ ငလပွေ့လမ်းသစ်ရှိ ရွှေနံ့သာပရိယတ္တိ စာသင်တိုက်သို့သွားရောက်ကာ ၎င်းကျောင်းတိုက်မှ ဆရာတော်ကြီး  ဘဒ္ဒန္တပညာသာရ အဂ္ဂမဟာပဏ္ဍိတအား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်ထုတ်တို့ကို ဆက်ကပ် လှူဒါန်းသည်။ 


ထို့နောက် ဆရာတော်ကြီးနှင့် ကျောင်းရှိသံဃာတော်အရှင်သူမြတ်များကို နယ်မြေခံဆေး တပ်ဖွဲ့ဝင်များမှ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။  ဆက်လက်၍ ဒုတိယ ဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် အရာရှိရပ်ကွက်၊ ခရေပင်လမ်းခွဲရှိ ဇေယျသုခသီလရှင် ကျောင်းသို့ ရောက်ရှိပြီး သီလရှင်ဆရာလေးများကို လှူဖွယ်ဝတ္ထုငွေနှင့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်ထုတ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)