Pages

Pages

မာန်အောင်မြို့၌(၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲများ ကျင်းပ






MNP ၊ ဇူလိုင် ၁၈

 ရခိုင်ပြည်နယ် မာန်အောင်မြို့တွင်၂၀၂၃ ခုနှစ်၊ ဇူလိုင်လ  ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက်အာဇာနည်နေ့ ကိုဂုဏ်ပြုသော အားဖြင့် ယနေ့ နံနက်၁၁နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေး ဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင်  အသိပညာပေး  ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲကို ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။


   အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရန်ငြိမ်းက အာဇာနည်နေ့  ဖြစ်ပေါ်လာပုံနှင့်   အာဇာနည် ခေါင်း ဆောင်ကြီးများ၏  လက်တွဲညီညီ လွတ်လပ်ရေးအ တွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများအကြောင်းကို  ကျောင်းသား၊ ကျောင်းသူများ သိရှိနားလည်စေရန်နှင့် မမေ့မလျော့ အောင်မေ့လွမ်းဆွတ် သတိရစေရန်အကျယ်တဝင့်ရှင်း လင်း  ဟောပြောခဲ့ပြီးနောက် (၇၆)နှစ်မြောက်အာဇာနည်နေ့ကို  မမေ့မလျော့စေရန်နှင့် ရင်ထဲ၌ထာဝရ ရှင်သန်ကိန်း ဝပ် နေစေရန်၊ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွအာဇာနည်ခေါင်းဆောင်ကြီးများ၏  အတ္ထုပ္ပတ္တိများ၊ ပြည်သူလူထုအား ဗိုလ်ချုပ်အောင်ဆန်းမှာကြားခဲ့သော မိန့်ခွန်းများ၊   အာဇာနည်နေ့ကို  ဂုဏ်ပြုသော  ကဗျာများ  ပါဝင်သည့် နံရံကပ်စာစောင်များပြသပေးခြင်းနှင့် စာအုပ်/စာစောင်များ ပြသပေခဲ့ရာကျောင်းသား/ကျောင်းသူများက   စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost




No comments:

Post a Comment