MNP ၊ ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာန ဘတ်ဂျက်ရန်ပုံငွေဖြင့် ထောက်ပံ့သည့် ၂၀၂၃-၂၀၂၄ ဏ္ဍာရေးနှစ်ပထမသုံးလပတ် အသက်(၈၅)နှစ်နှင့်အထက် အဘိုး/ အဘွား (၈၀၉)ဦးအတွက် တစ်ဦးလျှင်(၃၀၀၀ဝိ/-)နှုန်းဖြင့် (၂၄၂၇၀၀၀ဝိ/-)ကျပ် ထောက်ပံ့ေပးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါထောက်ပံ့အပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းသင်းခိုင်တို့က ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများအား တစ်ဆင့်ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းအခမ်းအနားသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်းများနှင့် ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်းအင်အား (၇၀)ခန့်တက်ရောက်ခဲ့ပါကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment