Pages

Pages

ရမ်းဗြဲမြို့၌ စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်






MNP ၊ ဇူလိုင် ၂၁

  ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ စစ်ကြောင်း(၅)ကြောင်း ပါဝင်သည့်  ပူးပေါင်းအဖွဲ့သည် ယနေ့‌ နံနက်(၉)နာရီအချိန်က  ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လက်ပန်အညာ ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့  ကွင်းဆင်းပြီး  ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံခဲ့ကြသည်။


ရှေးဦးစွာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းက မိမိတို့ကျေးရွာအတွင်း နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ဆက်သွယ်ရေး၊ စည်းရုံးရေးကိစ္စ စသည့်လိုအပ်ချက်များကို တင်ပြဆွေးနွေးနိုင်ရန်​  ​လာရောက်ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်းပြောကြားသည်။ 


ဆက်လက်၍ စစ်ကြောင်း(၅)ကြောင်းပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်

လက်ဆောင်ရွက်မည့်  အစီအစဥ်များကို  ရှင်းလင်းဆွေးနွေး ပြောကြားပြီး ကျေးရွာသူ၊ ကျေးရွာသားများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်သန်းနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့​ပြီး ကျောင်းထိုင်ဆရာတော်နှင့် ကျေးရွာသူ ကျေးရွာသားများအား ခေါက်ဆွဲခြောက်ထုပ်များ၊ ရှမ်းရိုးမ အကြောဖြေလိမ်းဆေးများ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။


အောင်တင်ကြည်

https://t.me/MyanmarNationalPost




No comments:

Post a Comment