Pages

Pages

(၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခြေခံပညာ မူလတန်းအဆင့် ကဗျာရွတ်ဆို ကျင်းပ



MNP ၊ ဇူလိုင် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခြေခံပညာမူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က Community Centerခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဇင်မီမီဝင်းက ပြိုင်ပွဲများပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြား၍ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌက ပြိုင်ပွဲစည်းကမ်းများကို ပြောကြားပြီး အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာများကို ရွှေဘို(အ-မ-က)၊ရွှေတောင်(အ-မ-က)ကျောင်းမှ ကျောင်းသား၊ကျောင်းသူ (၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။


အဆိုပါ ကဗျာရွတ်ပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊တတိယဆု ရရှိသည့် ကျောင်းသား၊ကျောင်းသူများအား ဆုချီးမြှင့်ပေးခဲ့ပြီး ပြိုင်ပွဲဝင်အားလုံးအား ဗလာစာအုပ် လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment