Pages

Pages

မိုခါ မုန်တိုင်းကြောင်း ပျက်စီးခဲ့သည့် ပေါက်တောမြို့ မြို့ဦးစေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော် တင်လှူပူဇော်ပွဲကျင်းပ





MNP ၊ ဇူလိုင် ၁၄

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်း မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပေါက်တောမြို့ မြို့ဦးစေတီတော်မြတ် ကြီးအား ရတနာစိန်ဖူးတော် တင်လှူပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။


ဦးစွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ပေါက်တောမြို့နယ် တာဝန်ခံ ဗိုလ်မှူးချုပ် ဆန်နီအုန်း ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေး၊ဂေါပကအဖွဲ့ တို့က မြို့ဦးစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်အား စေတီတော်အထွက်သို့ တင်လှူပူဇော်ကြသည်။


အဆိုပါ ပေါက်တောမြို့ မြို့ဦးစေတီတော်မြတ်ကြီးအား ကောဇာသက္ကရာဇ် ၁၁၂၅ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ရခိုင်ဘုရင် နရအဘယရာဇာမင်းနှင့် မိဖုရားကြီး စောသန္တာတို့မှ ကျောက်စေတီငယ်အဖြစ် စတင်တည်ထား ကိုးကွယ်ခဲ့ပြီး"ပြည်တံခွန် စေတီ"ဟု အမည်နာမပညတ်တပ် ပူဇော်ခဲ့ကြောင်း၊ကောဇာသက္ကရာဇ် ၁၂၉၅ ခုနှစ်တွင် ကျောင်းဆရာမ ဒေါ်အုံးစံမှ ဓာတ်တော်ကွန့်မြူးခြင်းကို အကြောင်းပြု၍ ပြိုပျက်နေသော ကျောက်စေတီငယ်အား အမြင့် (၉)တောင်ခန့် ရှိသော စေတီငယ်ကို ဒုတိယမွမ်းမံတည်ထားပူဇော်ခဲ့ကြောင်း၊ ကောဇာသက္ကရာဇ် ၁၃၅၃ ခုနှစ် နတ်တော်လဆန်း(၁၁)ရက် အင်္ဂါနေ့၊ည(၉)နာရီတွင်  ဓာတ်တော် ကွန့်မြူးသည်ကို အကြောင်းပြု၍ ဂေါပကဖွဲ့ (၂၃)ဦး ဖွဲ့စည်းပြီး တပ်မံတည်ထားပူဇော်ခဲ့ကြောင်း၊၁၃၆၉ ခု၊ တပို့တွဲလဆန်း(၆)ရက်၊ ၂၀၀၈-ခု၊ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် မြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဦးကျော်ဇော်လှ ဦးဆောင်ပြီး စေတီတော်မွမ်းမံတည်ဆောက်ရေးအဖွဲ့နှင့် အတူမြို့သူမြို့သားများစုပေါင်းပြီး အုတ်မြစ်ချ မင်္ဂလာအခမ်း အနားဆင်ယင်ကျင်းပကာ မူလစေတီငယ်နှင့်ဘုရားများ၊ဂြိုဟ်ရုပ်များကို နဂိုမူလလက်ရာ မပျက်စေဘဲဋ္ဌာပနာထည့်ပြီး ယခုလက်ရှိ အမြင့်ဉာဏ် တော်(၂၇) တောင်ရှိစေတီကို အသစ်တဖန်မွမ်း မံတည်ထားပူဇော်ခဲ့ကြောင်း၊၁၃၇၀ ခုနှစ်၊ကဆုန်လပြည့် (တနင်္လာနေ့) ၂၀၀၈-ခုနှစ်၊မေလ(၁၉)ရက်နေ့ မင်္ဂလာအချိန်တွင် အမြင့်(၉-ပေ)(၉-ဆင့်) ရှိရွှေထီးတော်ကို မင်္ဂလာအခမ်းအနား ဖြင့်ဆက်ကပ်တင်လှူပူ ဇော်ခဲ့ကြောင်း ဘုရားသမိုင်းအရ သိရှိရသည်။


ဝင်းမင်းစိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment