Pages

Pages

သတင်းရေးသားခြင်းနှင့် ဗီဒီယိုရိုက်ကူးခြင်းဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲကျင်းပ



MNP ၊ ဇူလိုင် ၁၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ခရိုင်၊မြို့နယ်များတွင် သတင်းလုပ်ငန်းတာဝန်ယူ ဆောင်ရွက်နေသူများ၏ သတင်းရေးသားခြင်း၊ ဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်ပိုင်းက နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌  ကျင်းပသည်။


အခမ်းအနားတွင် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားပြောကြားသည်။


ထို့နောက် သတင်းလုပ်ငန်းဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲကိုကျင်းပရာ ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မာဖြူက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နေပြည်တော်အတွင်းရှိ ခရိုင်၊ မြို့နယ်များမှ သတင်းလုပ်ငန်းတာဝန်ယူ ဆောင်ရွက်နေကြသည့် သတင်းတာဝန်ခံများနှင့် သတင်းရေးသားရာတွင် လိုက်နာရမည့်အသုံးအနှုန်းများ၊ သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ရေးသား၊ ရိုက်ကူးရန်ကိစ္စများ၊ ပြည်သူများ၏ သတင်းသိရှိပိုင်ခွင့်အတွက် သတင်း၊ ဗီဒိယိုရိုက်ကူး၊ ရေးသားထုတ်လွှင့်ဆောင်ရွက်နိုင်မှုများ၊ သတင်းဗီဒီယိုများရိုက်ကူးရာတွင် Media Engagement Plan နှင့်အညီ ရိုက်ကူးရန်ကိစ္စများနှင့် ၂၀၂၃ ခုနှစ်   ပထမ ခြောက်လတာကာလအတွင်း သတင်းလုပ်ငန်း ဆောင်ရွက်ချက်များအပေါ် အားနည်းချက်၊ အားသာချက်များကို သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ရွှေပင်လယ်


https://t.me/MyanmarNationalPost




No comments:

Post a Comment