Pages

Pages

အမ်းမြို့၌ တောင်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကျင်းပ







MNP ၊ ဇူလိုင် ၁၂

 ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ တောင်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


 အဆိုပါ ဟင်းသီးဟင်းရွက်မျိုး စေ့ ထောက်ပံ့ပေးအပ်ပွဲတွင် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့(ကိုယ်စား)ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ဟင်းသီးဟင်းရွက်မျိုးစေ့  ထောက်ပံ့ပေးရခြင်းရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး  တောင်သူများအနေဖြင့်  နည်းပညာအသုံးပြု၍ ဟင်းသီး ဟင်းရွက်အထွက်တိုး တက်မြင့်မားစေရေးအတွက် ဟင်းသီး ဟင်းရွက်များကို  စနစ်တကျ စိုက်ပျိုးနိုင်ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ 


ထို့နောက်  ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊  စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းဇော်တို့က ဂါယ်လောင်း၊ စခန်းမော်၊ လုံး၊ အောက်ရွာ၊ အမ်းမြောက်၊အမ်းတောင်ကျေးရွာအုပ်စု စုစုပေါင်း ကျေးရွာအုပ်စု(၆) အုပ်စုမှ တက်ရောက်လာကြသည့်  တောင်သူများထံသို့ ဟင်းသီးဟင်း ရွက်မျိုးစေ့များကို ထောက် ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

စိုးမင်းထွန်း




No comments:

Post a Comment