Pages

Pages

မအီမြို့တွင် ကျောင်းသား/ကျောင်းသူများ သန်ကောင်ရောဂါ မဖြစ်ပွားစေရေးအတွက် သန်ချဆေးများ တိုက်ကျွေးပေးလျက်ရှိ






MNP ၊ ဇူလိုင် ၁၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ အာဟာရရက်သတ္တပတ်အနေဖြင့်  မအီမြို့နယ်အတွင်းရှိ အခြေခံပညာကျေးများရှိ ကျောင်းသူ/ကျောင်းသားများအား  သန်ချဆေးများ တိုက်ကျွေးပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မအီမြို့၊  အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသူ/ကျောင်းသားများအား သံချဆေးများတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။


ထိုသို့ သန်ချဆေးများ တိုက်ကျွေးပေးခြင်းကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက တိုက်ကျွေးဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ကျောင်းသား/ကျောင်းသူများ သန်ကောင်ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မူလတန်းအရွယ်မှ အထက်တန်းအဆင့်အထိ တစ်ဦးချင်းစီသို့ ကျန်းမာရေးဝန်ထမ်းများကိုယ်တိုင် သန်ချဆေးတိုက်ကျွေးပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျေးရွာအုပ်စုများအတွင်းရှိ အခြေခံပညာကျောင်းများကိုလည်း အလားတူ သန်ချဆေးတိုက်ကျွေးခြင်းများနှင့် အခြားကျန်းမာရေး စောင့်ရှောက်ခြင်းများကို သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေးဌာနခွဲ ဝန်ထမ်းများနှင့် ညှိနှိုင်း၍ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းက ပြောကြားသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost




No comments:

Post a Comment