Pages

Pages

မွန်ပြည်နယ်၊ မုဒုံမြို့၊ အသောကာရာမ၊ မွန်ပရိယတ္တိ စာသင်တိုက်ဆရာတော် အရှင်မင်္ဂလာဘိဝံသ ထံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပေးအပ်သည့် ဂုဏ်ပြု မှတ်တမ်းလွှာ ဆက်ကပ်လှူဒါန်း


MNP ၊ ဇူလိုင် ၂၀

မွန်ပြည်နယ်၊ မုဒုံမြို့၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် သာသနာ့ဓဇ ဓမ္မာစရိယ ဝိနယ ပါဠိပါရဂူ အသောကာရာမ မွန်ပရိယတ္တိ စာသင်တိုက်ဆရာတော် အရှင်မင်္ဂလာ ဘိဝံသအား ဇူလိုင် ၁၉ ရက် မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် အဖွဲ့ဝင်များက သွားရောက်ဖူးမြော် ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများ လျှောက်ထားကြသည်။

ထို့နောက် အရှင်မင်္ဂလာဘိဝံသ က ကျောက်မျက်ရတနာ ၃၅ မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၆၂၂၀၀၀ိ/-)ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တစ်ဆင့် နိုင်ငံတော်အစိုးရထံသို့ လှူဒါန်းသည့်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန က ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဆက်ကပ်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment