Pages

Pages

သာယာဝတီမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ပြုလုပ်


MNP ၊ ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့၀င်များ ပူးပေါင်း၍ စာရေးဆရာ အောင်သင်းရေးသားသည့် အံ့သြစရာရိုးရာဓလေ့ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။


စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိမ်းလဲ့လဲ့က စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် စာပေမှ ရရှိသည့်ဗဟုသုတအကြောင်းအရာများကို အပြန် အလှန်ဆွေးနွေးစေရေးအတွက် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ (Book Club) အဖွဲ့ဝင် ဦးထွန်းထွန်းလင်း(ပန်းတကာ မောင်ထွန်း)က ခင်စောတင့် ရေးသားသည့်စွန့်စားမှုဆီသို့ခြေတစ်လှမ်း စာအုပ်အားဦးဆောင်ဆွေးနွေးပြီး (Book Club)အဖွဲ့ဝင် မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး မိုးသဲအောင် (ပန်းမြေ)က လူတန်းစားအလွှာမခြားစေရာခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် တင်လှိုင်(သာယာဝတီ) ရှင်သန်တိုးပွါး ချစ်ခြင်းတရားခေါင်းစဥ်ဖြင့်လည်းကောင်း ဖတ်ကြားဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော(Book Club)အဖွဲ့များဝင်က သိရှိလိုသည်များကို မေးမြန်းကြရာ (Book Club) အဖွဲ့ဝင်စာရေးဆရာများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြသည်။


သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သန့်ဇော် 

https://t.me/MyanmarNationalPost







No comments:

Post a Comment