Pages

Pages

ရပ်စောက်မြို့နယ်တွင် ၂၀၂၄ ခုနှစ် အိမ်ထောင်စုလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအတွက် Census Units ရေးဆွဲခြင်း ဆောင်ရွက်


MNP ၊ ဇူလိုင် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ အိမ်ထောင်စုလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအတွက် Census Units ရေးဆွဲခြင်းကို ဇူလိုင် ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တို့၌ ရပ်စောက်မြို့နယ်နှင့် အင်တောမြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတို့တွင် အခြေပြု၍ ရေးဆွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။


Census Units ရေးဆွဲရာတွင် ရပ်စောက်မြို့ပေါ် (၈)ရပ်ကွက်၊ အင်တောမြို့နယ်ခွဲရှိ ရပ်ကွက် (၆)ရပ်ကွက်တို့အား ကောက်ကွက်မြေပုံနယ်နိမိတ်ပိုင်းခြားခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ရာအိမ်မှူးများက ပူးပေါင်း၍ ရေးဆွဲဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ဆုမွန်

https://t.me/MyanmarNationalPost




No comments:

Post a Comment