Pages

Pages

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ စက်မှုနှင့်သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဝန်ကြီးနှင့်တွေ့ဆုံ China-ASEAN Forum on Emerging Industry ဖွင့်ပွဲအခမ်းအနား တက်ရောက်




MNP ၊ ဇူလိုင် ၄

China-ASEAN Forum on Emerging Industry သို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်တုံးပြည်နယ် ရှန်းကျန်းမြို့၌ ရောက်ရှိနေသော စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရှန်းကျန်းမြို့၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စက်မှုနှင့်သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဝန်ကြီး Mr. Jin Zhuanglong ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် လျှပ်စစ်ကားများ၊ ဆိုလာများ၊ ဆေးပစ္စည်းထုတ်လုပ်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောနည်းပညာများ လွှဲပြောင်းရရှိရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် China-ASEAN Forum on Emerging Industry ဖွင့်ပွဲအခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများနှင့်အတူတက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment