ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်နှင့်စာရိတ္တ Talk Show ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်နှင့်စာရိတ္တ Talk Show ကျင်းပ


MNP ၊ ဇူလိုင် ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲပိုင်းက လူငယ်နှင့်စာရိတ္တ Talk Show ကျင်းပခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးနှင့် စာရေးဆရာခိုင်မင်း (နေ​ပြည်တော်) တို့က လူငယ်တို့ရဲ့ဘဝအောင်မြင်မှုတွင် စာရိတ္တသည်အရေးကြီးကြောင်း၊ စာရိတ္တကောင်းမွန်စေရန် ပြုမူဆောင်ရွက်ရမည့် အပြုအမူ များနှင့်ထားရှိရမည့် စိတ်ဓာတ်၊ စိတ်နေသဘောထား စသည့်အကြောင်းအရာများကို အကျယ် တဝင့်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု Talk Show အပြည့်အစုံကို ဇမ္ဗူသီရိမြို့နယ်ပြည်သူ့စာကြည့်တိုက်  Facebook Page တွင် တင်ဆက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။


ဟိန်းသူအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)