သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ တိုင်းရင်းဆေးအသုံးဝင်ပုံ အသိပညာပေး Talk Show ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ တိုင်းရင်းဆေးအသုံးဝင်ပုံ အသိပညာပေး Talk Show ဆောင်ရွက်


MNP ၊ ဇူလိုင် ၁၃

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန( Community Centre )၌ ယမန်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည််သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်တိုင်းရင်းဆေးဦးစီးဌာနတို့ ပူးပေါင်း ၍ တိုင်းရင်းဆေးအသုံးဝင်ပုံအသိပညာပေး  Talk Show ကို ပြုလုပ်ခဲ့သည်။


အဆိုပါ Talk Show တွင် သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်စန္ဒာကြည်နှင့် ခရိုင်တိုင်းရင်းဆေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်လှိုင်လေးအောင် တို့က တိုင်းရင်းဆေးအကြောင်းသိကောင်းစရာများ၊ မိုးရာသီ၊ ဆောင်းရာသီနှင့် နွေရာသီတို့တွင် ဖြစ်ပွါးတတ်သောရောဂါများနှင့် ဆောင်ရန်၊ ရှောင်ရန်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ၏ ဆေးဖက်ဝင်ပုံများကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြသည်။


ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ၊သံတွဲခရိုင်ရုံးသည် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ Talk Show များ၊အသိပညာပေး ဟောပြောပွဲများနှင့် ဆွေးနွေးပွဲ ၊ လူငယ်စကားဝိုင်းများနှင့်သင်တန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိပါသည်။


သန့်ဇင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)