Pages

Pages

ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည် နေ့အထိမ်း အမှတ် အကြိုအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ နှင့် စာပေပြိုင်ပွဲများကျင်းပ






MNP ၊ ဇူလိုင် ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre ) ခန်းမ၌ ယနေ့ နံနက်ပိုင်းက (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြို အသိပညာပေးဟောပြောပွဲ နှင့် နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲကို ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်း ဥက္ကဌ ဒေါ်ခင်ယုနိုင် ‌၊ဆရာမကြီး အေပရယ်ယုနိုင် (ရေက အမှာစကားပြောကြားပြီး အာဇာနည် နေ့ ဖြစ်ပေါ်လာပုံ နှင့် မျိုးဆက်သစ်ကျောင်းသား လူငယ်များ မှတ်သားလိုက် နာရမည့် အကြောင်းအရာများ ကိုအသိပညာပေး ဟော‌‌ေပြာခဲ့သည်။ 


ဆက်လက်၍ ပြိုင်ပွဲများကို ကျင်းပရာ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကျင်းပရခြင်းရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပ‌ေဟဠိပြိုင်ပွဲကို ကျောင်းသားကျောင်းသူ (၁၈)ဦး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ ပြီး ဆုလက် ဆောင်များ အသီးသီးချီးမြှင့်ခဲ့သည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပ ပျောက် ရေး အသိပညာ ပေး နံရံကပ် စာစောင်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် သဘာဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment