Pages

Pages

ဗန်းမော်ခရိုင် (Community Centre) ခန်းမ၌ စာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပ


MNP ၊ ဇူလိုင် ၂၀

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက ဦးဆောင်၍ Book Club, Women Club နှင့် ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက် ရေး ကြီးကြပ်မှု အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ၏ အမွေခံ တစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ဖြင့် ယနေ့ နေ့လယ် ၁ နာရီခန့်က စာဖတ်ဝိုင်း ကျင်းပ ခဲ့ကြောင်း သိရသည်။


အဆိုပါ စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်တဲ့အရာများ ခေါင်းစဉ်အား ဦးဆောင်ဖတ်ကြားဆွေးနွေးခဲ့ပြီး Book Club မှ ဦးအောင်ကိုဌေးက ပါရဂူဂုဏ်ပြုပွဲက အပြန် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ထက်ဝေလျှံစိုးက တပည့်တွေအကြောင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်သစ်သစ်စန်းက ကံရာဇာငယ်၏အလှူမဏ္ဍပ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ဒေါ်ခိုင်ခိုင်မွန်က တက္ကသိုလ်၏ ပညာမှတ်တမ်း နှလုံးသားမှတ်တမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများက အသီးသီးပါဝင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment