Pages

Pages

ရမ်းဗြဲမြို့နယ်ရုံး Community Centre ခန်းမ၌ ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်



MNP ၊ ဇူလိုင် ၁၁

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ်ရုံး  Community Centre ခန်းမ၌ ရုံးလုပ်ငန်းလက်စွဲစာအုပ်ပါ ရုံးစာရေးသားနည်းခေါင်းစဥ်ဖြင့် ဇူလိုင်လ ၁၁ ရက် နေ့လယ်ပိုင်းက ဝန်ထမ်းများ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။


စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်က  စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားကာ ရုံးစာရေးသားနည်းတွင် အခြေခံရမည့်အချက်များနှင့် ရုံးစာရေးသားနည်းအမျိုးအစားများ ကိုဆွေးနွေး ပြောကြားသည်။ 


ထို့နောက် ဒုတိယဦးစီးမှုး ဒေါ်ခင်ခင်အေးနှင့် ဝန်ထမ်းများက ရုံးစာရေးသားနည်း အမျိုးအစားခေါင်းစဥ်များအလိုက် ဖတ်ကြားဆွေးနွေးခဲ့ကြရာ မြို့နယ်ဦးစီးအရာရှိက ဝန်ထမ်းများသိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။


ရုံးတွင်းစာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ ၀န်ထမ်းများ စာဖတ်သည့်အလေ့ အထကောင်းများ ရရှိစေရန်၊အတွေးအခေါ် အသိပညာများတိုးပွားလာစေရန်၊  ရုံးလုပ်ငန်းကို စနစ်တကျ လုပ်ကိုင်တတ်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။


အောင်တင်ကြည်

https://t.me/MyanmarNationalPost




No comments:

Post a Comment