Pages

Pages

နတ်မောက်မြို့နယ်တွင် FS-RS နွေစပါး ရတနာတိုး မျိုးစေ့ထုတ် စံကွက်ရိတ်သိမ်း


MNP ၊ ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကွင်းအမှတ်(၈၃၆)ရှိ  တောင်သူဦးအောင်ကျော် စိုက်ပျိုးထားသော FS-RS နွေစပါး ရတနာတိုး မျိုးစေ့ထုတ် (၅)ဧက စံကွက်ရိတ်သိမ်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။


နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူများသည် ဒေသဝမ်းစာဖူလုံရေးအတွက် စပါးကို အဓိကထား စိုက်ပျိုးကြပြီး စပါးမျိုးကောင်း၊ မျိုးသန့် မျိုးစေ့ထုတ်စိုက်ကွက်များ၊ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကွက်၊ မျိုးယှဉ်ပြိုင် စမ်းသပ်ကွက်များ၊ စံပြကျေးရွာများကို ဖော်ဆောင်၍ စိုက်ပျိုးထားခြင်း၊ မျိုးစေ့ချကိရိယာနှင့် ကောက်စိုက်စက်ဖြင့် စနစ်တကျစိုက်ပျိုးခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက တောင်သူများ စားနပ်ရိက္ခာဖူလုံရေး၊ ဝင်ငွေများတိုးပွားလာစေရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု အရည်အသွေးကောင်းမွန်ကာ ပြည်ပစျေးကွက်များသို့ တိုးချဲ့လာနိုင်စေရန်အတွက် စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီ ဆောင်ရွက်လျက်ရှိသည်။


မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရဲ့ အစီအစဉ်ဖြင့် FS-RS နွေစပါးမျိုးစေ့ထုတ် ရတနာတိုး (၅)ဧက စံပြကွက်ကို  ရိတ်သိမ်းရာတွင် စပါးအစိုတင်း (၁၁၀)တင်းထွက်ရှိရာ FS-RS နွေစပါးမျိုးသန့်ထုတ်မှ ထွက်ရှိလာသော မျိုးသန့်များကို မိုးစပါးစိုက်ပျိုးနိုင်ရန် တောင်သူများထံ ဆက်လက် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံက သိရသည်။


မူမူစန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment