Pages

Pages

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဖွင့်လှစ်ပေးခဲ့သော Introduction to Database System သင်တန်းဆင်းပွဲတက်ရောက်၊ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်






MNP ၊ ဇူလိုင် ၁၄

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှကြီးမှူး၍ ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများအတွက် phpMyAdmin Application Software အသုံးပြုကာ ရုံးတွင်းမှတ်တမ်းများကို Database ပြုလုပ်၍ စနစ်တကျ စီမံခန့်ခွဲနိုင်ရေး ဖွင့်လှစ်ပေးခဲ့သော Introduction to Database System သင်တန်း အမှတ်စဉ်(၂)သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံး မဂျွယ်ဂင်တောင်ခန်းမ၌ ကျင်းပခဲ့သည်။


သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ၂၀၂၃ ခုနှစ်၊ မေလမှ ဇူလိုင်လအတွင်း တစ်ပတ်လျှင် ၂ ရက် ဖွင့်လှစ်သင်ကြားပေးခဲ့သော ယခုသင်တန်းမှ Database၊ SQL ၊ Data Management ၊ phpMyAdmin Application Software အသုံးပြုခြင်းဖြင့်ရရှိသည့် အသိပညာများကို မိမိတို့၏လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချရုံသာမက မိမိတို့ဌာနတွင်း တစ်ဆင့်ပြန်လည်မျှဝေပေး ကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ကချင်ပြည်နယ်၏ e-Government စနစ်၊ တနည်းအားဖြင့် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် e-Government စနစ်ကို အထောက်အကူပြုနိုင်မည်ဖြစ်သည့်အတွက် လက်တွေ့ အသုံးချကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။


ဆက်လက်၍ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာသိမ့်သိမ့်မိုးက အမှတ်စဉ် (၁) နှင့် အမှတ်စဉ် (၂)သင်တန်းများ ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့မှု အခြေအနေများနှင့် လက်တွေ့အသုံးချ လေ့ကျင့်သင်ကြားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အမှတ်စဉ် (၁) သင်တန်းတွင် ပထမဆုရရှိသော သင်တန်းသားအား ဂုဏ်ပြုချီးမြှင့်ငွေကိုလည်းကောင်း၊ အမှတ်စဉ်(၂)သင်တန်းမှ ပထမဆုရရှိသော သင်တန်းသားအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးက ဒုတိယဆုရရှိသော သင်တန်းသားများအတွက်လည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက တတိယဆု ရရှိသော သင်တန်းများအားလည်းကောင်း၊ ပြည်နယ်ဦးစီးမှူးက သင်တန်းဆင်းလက်မှတ်များ ကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ရာ သင်တန်းသား/သင်တန်း သူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် (၇) နာရီခွဲက ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရာထမ်း၊ အမှုထမ်းများနှင့်အတူ မြို့သန့်ရှင်းသာယာလှပပြီး လူနေမှုပတ်ဝန်းကျင်စနစ်ကောင်းများ ပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်၍ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရုံးရှေ့မှ ရန်ကြီးအောင်ရပ်ကွက်၊ ရက်ကန်းကျောင်းလမ်းဆုံအထိ ဧရာလမ်းမတစ်လျှောက် လမ်းဘေးဝဲ/ယာ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အမှိုက်များကောက်ယူခြင်း စသည့်လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment