အမ်းမြို့နယ်တွင် KG ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်တွင် KG ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေး





MNP ၊ ဇူလိုင် ၁၃

     ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် KG ကျောင်းသားကျောင်းသူများကိုဗစ်ကာကွယ် ဆေး Sinopharm ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ကအ ခြေခံပညာကျောင်းများတွင် စုရပ်ထား ၍ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။


      ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို အမ်းတောင်ရပ်ကွက်၌ ပျဉ်းတောမူလတန်းလွန်ကျောင်းRACE ကိုယ်ပိုင်အထက်တန်းကျောင်း၊အမှုထမ်း (၂)အထက (ခွဲ)ကျောင်းနှင့်မြောက်ပိုင်းရပ်ကွက် အလက ကျောင်းရှိ အသက်(၅)နှစ်ပြည့်ပြီးသည့် KG ကျောင်းသား၊ ကျောင်းသူ များကို First Dose ကာကွယ်ဆေးအားလည်းကောင်း၊  ထိုးနှံပေးခဲ့ကြောင်း သိရသည်။


      ထို့နောက် စုရပ်ကျောင်းများသို့ ကာ ကွယ်ဆေးထိုးရန်ရောက်ရှိလာကြသော ကျောင်းသား/သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင် ချိန် တိုင်းတာပေးခြင်း၊ အတန်းအလိုက် စနစ်တကျစာရင်း ရေးသွင်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးနောက် မိနစ် (၃၀)ခန့် အနားယူစေခြင်းတို့ဖြင့် ကျန်း မာရေး စောင့်ရှောက် ပေးလျက်ရှိကြောင်း သိရသည်။    


https://t.me/MyanmarNationalPost      




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)