MNP ၊ ဇူလိုင် ၁၂
မွန်ပြည်နယ်တွင် KNU/PDF အကြမ်းဖက်အဖွဲ့များ ဆိုးသွမ်းလာခြင်းကြောင့် ဘီးလင်းမြို့နှင့် အနီးဝန်းကျင် စာသင်ကျောင်းတချို့ ပိတ်ထားရကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံတစ်ဦးက "ရန်ကုန် - မော်လမြိုင် ကျုံအိတ်တံတားကို KNU/PDF အကြမ်းဖက်သမားတွေက ဖောက်ခွဲဖျက်ဆီးပြီး ကတည်းက စိုးရိမ်လာကြတယ်။ တံတားကို ဖောက်ခွဲတုန်းက အသေအပျောက် မရှိခဲ့ဘူး။ တံတားပြင်တဲ့ အဖွဲ့တွေကို တိုက်ခိုက်တုန်းက အသေအပျောက် ရှိခဲ့တယ်။ အဲဒီနောက်ပိုင်း ဘီးလင်းမြို့မှာလည်း စာသင်ကျောင်း တချို့ ပိတ်ထားတယ်။ မြို့ပေါ် အထကကျောင်း က ဖွင့်ထားပေမယ့် ကျောင်းသားမိဘတွေအနေနဲ့ ကလေးတွေကို ကျောင်းမလွှတ်ရဲဘူးပေါ့ဗျာ။ တော်တော်လေး ဆိုးလာတဲ့ အခြေအနေ ရှိပါတယ်။" ဟု ပြောသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည့် KNU အဖွဲ့အား ပြင်းပြင်းထန်ထန် တုန့်ပြန်ခြင်း မရှိသကဲ့သို့ အကြမ်းဖက်အဖွဲ့အဖြစ် ထုတ်ပြန်ကြေညာခြင်းလည်း မရှိသေးပေ။
ဇွန်လမှစ၍ KNU/PDF အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုများ ခပ်စိပ်စိပ်ဖြစ်လာပြီး အပြစ်မဲ့ ခရီးသွားပြည်သူများ၊ လမ်းတံတား အလုပ်သမားများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
#MyanmarNationalPost

No comments:
Post a Comment