စဉ့်ကူးမြို့၌ အဆုတ်အအေးမိရောဂါကာကွယ်ရေးအတွက် ကျောင်းသား ကျောင်းသူများအား Mask နှင့် Hand Gel များ ဖြန့်ဝေခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

စဉ့်ကူးမြို့၌ အဆုတ်အအေးမိရောဂါကာကွယ်ရေးအတွက် ကျောင်းသား ကျောင်းသူများအား Mask နှင့် Hand Gel များ ဖြန့်ဝေခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ ဆောင်ရွက်





MNP ၊ ဇူလိုင် ၁၁

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ အဆုတ်အအေးမိ(နမိုးနီးယား)ရောဂါ ကာကွယ်ရေးအတွက် ကျောင်းသား ကျောင်းသူများအား Mask နှင့် Hand Gel များ ဖြန့်ဝေခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို အ.ထ.က(စဉ့်ကူး)နှင့် အ.ထ.က(လက်ပန်လှ) တို့တွင် ယနေ့နံနက်(၇)နာရီခွဲ အချိန်က ဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းကျော်နိုင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့တို့က စဉ့်ကူးမြို့နယ်အတွင်းရှိ အ.ထ.က(စဉ့်ကူး)နှင့် အ.ထ.က(လက်ပန်လှ) ကျောင်းတို့တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအား Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ စာသင်ခန်း တစ်ခန်းလျှင် Hand Gel တစ်ဗူးနှုန်းဖြင့် ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး နှာစေခြင်း၊ ချောင်းဆိုးပြီး အသက်ရှူမြန်သည့် လက္ခဏာများ တွေ့ရှိပါက အချိန်နှင့်တစ်ပြေးညီ နီးစပ်ရာကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ကုသမှုခံယူသွားစေရေး ကျန်းမာရေးအသိပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


တင်ဇာလွင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)