Pages

Pages

ကျိုက်ဒုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်း ကျင်းပ


MNP ၊ ဇူလိုင် ၂၀

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း( Book Club) မှ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပခဲ့သည်။


ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ဦးစီးမှူး ဦးကျော်လင်းနိုင်က စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့်စာပေမှရရှိသည့် ဗဟုသုတအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးစေရေးအတွက် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။


ထိုနောက် စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာရေးဆရာမ ခင်စောတင့် ရေးသားထားသော “ဆုံဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်”စာအုပ်ဖြင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း( Book Club) အဖွဲ့ဝင် ဒေါ်ယုမေမောင်မှ ရွှင်လန်းပေါ့ပါးတဲ့ ရှုထောင့်ကကြည့်ပါ၊ နေရာတိုင်းမှာစိတ်ဝင် စားစရာ လူတွေရှိပါတယ်၊ ပျော်ရွှင်စရာကမ္ဘာ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဦးမင်းငြိမ်းအောင်မှ ရိုးသားဖြောင့်မတ်သော၊ မိမိကိုယ်ကို ကြင်နာဖို့ အချိန်ဖန်တီးပါ၊ ထွက်ပေါက်မရှိဘူးလား စသည့် စာအုပ်ပါအကြောင်းအရာ ခေါင်းစဥ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။


သန်းထွန်းနိုင်

https://t.me/MyanmarNationalPost




No comments:

Post a Comment