MNP ၊ ဇူလိုင် ၁၅
ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့အနေဖြင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် နည်းမျိုးစုံဖြင့် လုပ်ကြံဖန်တီးလှုံ့ဆော်ပြီး PDF အကြမ်းဖက်သမားများက ပြည်ပြေး ဝရမ်းပြေးများ၏ ခိုင်းစေမှုများတွင် လိုက်ပါလုပ်ဆောင်လျက်ရှိသည်။ ထိုသို့ အကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်သမားများထဲမှ ဖမ်းဆီးရမိသူများကို ၁၄-၇-၂၀၂၃ ရက်နေ့ က သက်ဆိုင်ရာမြို့နယ်များတွင် ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။
မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ဖောက်ခွဲမှုများ ပြုလုပ်ရန်အတွက် ရပ်ကွက်အတွင်း လက်လုပ်မိုင်းများပြုလုပ်ခဲ့သူ တရားခံ အောင်ကျော်၊ တရားခံ အောင်မြင့် တို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၁(ဂ)အရ အလုပ်နှင့် ထောင်ဒဏ်(၆)နှစ် ကျခံစေရန် အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ မလွန်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး ရွှေဘိုမြို့သို့ မော်တော်ယာဉ်ဖြင့် သွားလာစဉ် အများပြည်သူများအတွင်း ထိတ်လန့် ကြောက်ရွံမှုကို ဖြစ်ပေါ်စေရန်အတွက် လမ်းခရီးတွင် လက်နက်၊ ခဲယမ်းများနှင့် လက်ဝယ်တွေ့ရှိသူ တရားခံ သန့်ဇင်ဝင်း(ခ)ဆရာသန့်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)အရ အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ်၊ ၅၁(ဂ)အရ အလုပ်နှင့် ထောင်ဒဏ်(၆)နှစ်၊ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် (သီးခြားစီ) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ မြိုသစ်မြို့နယ်၊ ကိုင်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး ရွှေဘိုမြို့သို့ မော်တော်ယာဉ်ဖြင့် သွားလာစဉ် အများပြည်သူများ ထိတ်လန့် ကြောက်ရွံမှုကို ဖြစ်ပေါ်စေရန်အတွက် လမ်းခရီးတွင် လက်နက်၊ ခဲယမ်းများ နှင့် လက်ဝယ်တွေ့ရှိသူ တရားခံ အောင်ကိုဝင်း အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)အရ အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ်၊ ၅၁(ဂ)အရ အလုပ်နှင့် ထောင်ဒဏ်(၆)နှစ်၊ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် (သီးခြားစီ) ကျခံစေရန် ချမှတ် လိုက်ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်၊ ရွှေလုံကျေးရွာတွင် နေထိုင်လျက်ရှိပြီး NUG အကြမ်းဖက်အဖွဲ့ထံ အလှူငွေများ ထောက်ပံ့ခဲ့ခြင်း နှင့် ၎င်းတို့၏ ပစ္စည်းများ သယ်ယူပိုဆောင်ခြင်းများ ဆောင်ရွက်ပေးခဲ့သူ တရားခံ မျိုးအောင်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)အရ အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ်၊ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၅)နှစ်(တစ်ပေါင်းတည်း) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်၊ ရွှေလုံကျေးရွာတွင် နေထိုင်လျက်ရှိပြီး NUG/PDFတို့၏ ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းများ ဆောင်ရွက်ပေးခဲ့သူ တရားခံ မင်းလှိုင်(ခ) ငလှိုင် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၅)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။
ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့အနေဖြင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် စဉ်ဆက်မပြတ် လှုံ့ဆော်လျက်ရှိပြီး ၉-၇-၂၀၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး နှင့် တွေ့ဆုံစဉ် အကျဉ်းကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် က အနောက်အုပ်စု၏ ပံ့ပိုးမှုဖြင့် ပြည်သူများကို သတ်ဖြတ်နေသည့် NUG, PDF တို့ကို အသိအမှတ် မပြုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
#MyanmarNationalPost

No comments:
Post a Comment