Pages

Pages

ဖမ်းဆီးရမိထားသော NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများအား ပြစ်ဒဏ်အသီးသီး ချမှတ်


MNP ၊ ဇူလိုင် ၁၃

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့၏ သွေးထိုးလှုံ့ဆော်မှုများနောက်တွင် လိုက်ပါပြီး အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိသည့် PDF နှင့် ဆက်နွယ်သည့် ဖမ်းဆီးရမိအကြမ်းဖက်သမားများအား ၁၂-၇-၂၀၂၃ ရက်နေ့က သက်ဆိုင်ရာမြို့နယ်များတွင် ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။

မုံရွာမြို့၊ အက်တောရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့များတွင် ပတ်ဆက်ဆက်နွယ်မှုများရှိခြင်း၊ ၎င်းတို့၏ သွားလာလှုပ်ရှားမှုများအား သိရှိသော်လည်း သက်ဆိုင်ရာသို့ သတင်းပေးပို့ရန် ပျက်ကွက်ခဲ့သူ တရားခံ မင်းသူဝေ(ခ)မင်းသူ အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(ခ)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ် လိုက်ကြောင်း သိရသည်။

မုံရွာမြို့တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့ဝင်အဖြစ် သင်တန်း တက်ရောက်ခဲ့ခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ မြင့်ကျော်(ခ)ကိုထိုက်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

မုံရွာမြို့နယ်၊ ကျွန်းရွာသစ်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်သမားများအား ထောက်ခံအားပေးမှုများ ပြုလုပ်ကာ ကုန်ပစ္စည်းများ သယ်ယူပေးခြင်း၊ လူမှုကွန်ရက်စာမျက်နှာပေါ် တွင် အကြမ်းဖက်အားပေးမီဒီယာများ၊ လူပုဂ္ဂိုလ်များ၏ Page မှ Post များကို တစ်ဆင့် ပြန်လည်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ ဇော်မျိုးအောင် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄) ၅၂(ခ)အရ အလုပ်နှင့်ထောင်ဒဏ်(၄)နှစ်(တစ်ပေါင်းတည်း) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့များနှင့် ပတ်သက်ဆက်နွယ်ကာ ၎င်းတို့၏ သွားလာလှုပ်ရှားမှုများကို သိရှိသော်လည်း သက်ဆိုင်ရာသို့ သတင်းပို့ရန် ပျက်ကွက်ခဲ့သူ တရားခံ လင်းလင်းမောင်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(ခ)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ် လိုက်ကြောင်း သိရသည်။

မုံရွာမြို့၊ ထန်းတောရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ဆူပူဆန္ဒပြမှုများတွင် လိုက်ပါဆောင်ရွက်ခဲ့ခြင်းနှင့် PDF အကြမ်းဖက်သမားများကို အားပေးထောက်ခံမှုများ ပြုလုပ်ခဲ့သူ တရားခံ ကျော်ခ(ခ)ညီညီအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

မုံရွာမြို့နယ်၊ ကျောက်စစ်ပုံတောင်ရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်ဖောက်ခွဲမှုများ ဆောင်ရွက်ရန် ကော်ပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်ဗုံးတို့နှင့် ဖမ်းဆီးရမိခဲ့သူ တရားခံ ကျော်ဇော်ဦး(ခ)ငုံးဥ အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်၊ ၅၁(ဂ)အရ အလုပ်နှင့် ထောင်ဒဏ်(၆)နှစ် (တစ်ပေါင်းတည်း)  ကျခံစေရန် ချမှတ် လိုက်ကြောင်း သိရသည်။

မုံရွာမြို့၊ ရတနာပုံကျောက်ကျင်းရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်ဖောက်ခွဲမှုများ ဆောင်ရွက်ရန် ကော်ပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်ဗုံးတိုနှင့် ဖမ်းဆီးရမိခဲ့သူ တရားခံ ဇေလင်းထိုက်(ခ)တောကြီး အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်၊ ၅၁(ဂ)အရ အလုပ်နှင့် ထောင်ဒဏ်(၆)နှစ် (တစ်ပေါင်းတည်း)  ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

မုံရွာမြို့၊ ရတနာပုံကျောက်ကျင်းရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်ဖောက်ခွဲမှုများ ဆောင်ရွက်ရန် ကော်ပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်ဗုံးတို့နှင့် ဖမ်းဆီးရမိခဲ့သူ တရားခံ မျိုးငြိမ်းအာင်(ခ)မြင့်မြတ်အောင် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်၊ ၅၁(ဂ)အရ အလုပ်နှင့် ထောင်ဒဏ်(၆)နှစ် (တစ်ပေါင်းတည်း)  ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်ဖောက်ခွဲမှုများ ဆောင်ရွက်ရန် ကော်ပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်ဗုံးတို့နှင့် ဖမ်းဆီးရမိခဲ့သူ တရားခံ မင်းဇော်(ခ)မှတ်ကြီး အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်၊ ၅၁(ဂ)အရ အလုပ်နှင့် ထောင်ဒဏ်(၆)နှစ် (တစ်ပေါင်းတည်း)  ကျခံစေရန် ချမှတ် လိုက်ကြောင်း သိရသည်။

ဘုတလင်မြို့နယ်၊ ကျီစုကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်သမားများထံသို့ ရောက်ရှိ၍ ကျီစုကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့၌ လူငယ်အဖွဲ ခေါင်းဆောင်ဖြစ်ပြီး ကျေးရွာအတွင်း ပြည်သူများထံမှ ငွေကြေးများနှင့် စားသောက်ဖွယ်ရာများ ကောက်ခံခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ ဇော်မင်းဌေး(ခ)အကြီးလေး အား  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်၊၅၀(ည)အရ အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ် (တစ်ပေါင်းတည်း) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ရွှေဘိုမြို့နယ်(ခွဲ)၊ ကျောက်မြောင်းမြို့နယ်တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်သမားများနှင့် ဆက်သွယ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကို သတင်းပေးပိုခြင်းနှင့် စားသောက်စရာများကို ဝယ်ယူထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့သူ တရားခံ မြင့်မြတ် အား  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)အရ အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ်၊ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်၊ (သီးခြားစီ) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့များထံ ဝင်ရောက်ခြင်း၊ သင်တန်းများ ပို့ချပေးခြင်း၊ ကားလမ်းပေါ်တွင် မိုင်းထောင်ခွဲခြင်းများ ပြုလုပ်ခဲ့သူ တရားခံဇော်မင်း(ခ) မင်းခိုင်(ခ)ဗိုလ်ကျားကြီး အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်၊ ၅၄ အရ အလုပ်နှင့် ထောင်ဒဏ်(၁၁)နှစ်၊ (တစ်ပေါင်းတည်း) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့က ၎င်းတို့အဖွဲ့တွင် အကျဉ်းကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် အား အတိုင်ပင်ခံဟု ခေါင်းစဉ်တပ်ထားသော်လည်း ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် အနောက်အုပ်စု၏ ပံ့ပိုးမှုဖြင့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေသော NUG, PDF အကြမ်းဖက်အဖွဲ့များကို အသိအမှတ် မပြုကြောင်း ပြောဆိုထားသည်။


#MyanmarNationalPost

No comments:

Post a Comment