Pages

Pages

NUG ရုံး နေရာ တွေ့ပြီ


တချို့သော NUG အကြမ်းဖက်အဖွဲ့ကို ထောက်ခံသူများက NUG ထံ စာတင်တိုင်တာတွေ ဘာတွေ ရှိသဗျ။ ကျုပ်လည်း စိတ်ဝင်စားလို့။ NUG အကြမ်းဖက်အဖွဲ့ထံ စာတင်ရင် လိပ်စာဘယ်လို တပ်ရပါ့မလဲပေါ့။ တချို့သော ကျွန်တော့်ရဲ့ မိတ်ဆွေများကလည်း မေးတယ်။ NUG ရုံးက ဘယ်နားမှာလဲတဲ့။ ကျွန်တော်လည်း အဖြေမပေးတတ်ဘူး။

ဟော -

အခုတွေ့ပြီ။ NUG အကြမ်းဖက်အဖွဲ့က လွင်ကိုလတ် တောထဲက တောင်ဇောင်းလေးမှာ ကွန်ပျူတာ ၂လုံး ၃လုံးနဲ့ အလုပ်တွေ ရှုပ်လို့။

သူက သူက 

NUG အကြမ်းဖက်အဖွဲ့၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နဲ့ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန (မွန်ပြည်နယ်၊ တနင်္သာရီတိုင်း) အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို  ဇူလိုင်လ ၁၅ ရက်၊ မနက် ၁၀ နာရီအချိန်မှာ ပြုလုပ်ခဲ့ပါတယ် ဆိုပဲ။

သတင်းရေးထားပုံကတော့ အဟုတ်ကြီး -

ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ်က မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ထောက်လှမ်းရေးစီမံချက်ကို ရှင်းလင်းပြောကြားခဲ့ပါတယ် တဲ့။ 

တက်ရောက်လာတဲ့ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန ဗဟို၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဖွဲ့ဝင် ၃၀ ကျော်တို့နဲ့ မဟာဗျူဟာမြောက် ပစ်မှတ်ထောက်လှမ်းခြင်းကိစ္စရပ်များ၊ အကြမ်းဖက်နှိမ်နင်းရေးကိစ္စရပ်များ၊ ထောက်လှမ်းရေးယန္တရားတိုးမြှင့်ခြင်းကိစ္စရပ်များ၊ ဌာနတွင်းအခက်အခဲလိုအပ်ချက်များနဲ့ မြေပြင်အခြေအနေများကို ၂ နာရီကြာ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို ခိုင်မာစွာချမှတ်နိုင်ခဲ့ပြီး မွန်းတည့် ၁၂ နာရီအချိန်မှာ အခမ်းအနားကို အောင်မြင်စွာ ရပ်နားခဲ့ပါတယ် တဲ့။

အကြမ်းဖက်အဖွဲ့ က အကြမ်းဖက်နှိမ်နင်းရေးဆွေးနွေးတယ်ဆိုပဲ။ သတင်းအရ ဆိုရင် NUG က PDF တွေကို သတ်နေပြီလားပေါ့။ သတ်နေတာတွေလည်း တွေ့ရပါတယ်လေ။ 

NUG အကြမ်းဖက်အဖွဲ့ရုံး ရှာပုံတော်ဖွင့်နေတဲ့ မိတ်ဆွေ တို့ ဟောဒီမှာ လွင်ကိုလတ် ရုံးထိုင်နေတဲ့ နေရာ တွေ့ပြီလား။


ဒေါင်းနင်း

#MyanmarNationalPost

No comments:

Post a Comment