Pages

Pages

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက ဘုန်းကြီးကျောင်းသုံးမော်တော်ယာဉ်များဖြင့် လက်နက်ခဲယမ်းများ သယ်ယူနေခြင်းကြောင့် သာသနာယာဉ်နံပါတ်တပ်ထားသော လိုင်စင်မဲ့များ ဖမ်းပြီ


MNP ၊ ဇူလိုင် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ တဲကြီးကျေးရွာအနီး ရွှေဘိုမြစ်ကြီးနားသွားကားလမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင်  ယမန်နေ့ ညနေ ၄ နာရီခန့်တွင် ပြည်သူများ အေးချမ်းစွာ သွားလာနေထိုင်ရေးအတွက် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များသည် လူ/ယာဉ် ဝင်ထွက်များ စစ်ဆေးနေစဉ် ရွှေဘိုမြို့ဘက် မောင်းနှင်လာသော မော်တော်ယာဉ် ၁ စီးအား ရပ်တန့် စစ်ဆေးခဲ့ရာ ငယ်ငယ်ထွေး မောင်းနှင်လာသည့် ယာဉ်သည် ယာဉ်နှင့် ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံသည့် လိုင်စင်မဲ့ မော်တော်ယာဉ်တွင် သာသနာနံပါတ် တပ်ဆင်ထားသည်ကို တွေ့ရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက သာသနာယာဉ်နံပါတ်ပြားတပ်ထားသော ကားများကို အသုံးပြု၍ လက်နက်ခဲယမ်းများ သယ်ဆောင်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများကို ၎င်းတို့၏ အကြမ်းဖက်စခန်းသဖွယ် အသုံးပြု၍ လက်နက်ခဲယမ်းများ သိုဝှက်ထားခြင်းများ ဖော်ထုတ်ဖမ်းဆီးရမိပြီးနောက် သာသနာနံပါတ်ပြားတပ်ထားသော မော်တော်ယာဉ်များကို စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်လာသည်ကို တွေ့မြင်ရသည်။


#MyanmarNationalPost

No comments:

Post a Comment