Pages

Pages

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ ထောင်ထားသော လက်လုပ်မိုင်းများအား ဖော်ထုတ် ရှင်းလင်း



MNP ၊ ဇူလိုင် ၈

ငါန်းဇွန်မြို့နယ်၊ ရွာသစ်ကျေးရွာအနီး တံတားဦး-မြင်းခြံ ကားလမ်းပေါ်တွင် ယနေ့ နံနက်ပိုင်းက ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများမှ မိုင်းများထောင်ထားကြောင်း ဒေသခံများမှ သတင်းပေးပို့လာသဖြင့် သွားရောက်ရှင်းလင်းရာ ကားမိုင်း ၁၁ လုံး တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ရှင်းလင်းပြီး ဖောက်ခွဲဖျက်ဆီးပေးခဲ့ကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ သည် ၎င်းတို့ကို အားပေးထောက်ခံခြင်း မရှိသော ပြည်သူများအား ထိခိုက်သေကြေစေရန် ရည်ရွယ်ချက်ဖြင့် ထိုသို့ မိုင်းထောင် ဖောက်ခွဲမှုများ လုပ်ဆောင်နေကြပြီး အချို့သော ကျေးရွာများတွင် ဈေးထွက်ဝယ်ရန်ပင် မလွယ်ကူအောင် ဖြစ်နေကြသည်။

ဒေသခံပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေး တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဖော်ထုတ်ရှင်းလင်းပေးနိုင်ခဲ့ခြင်းဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment