MNP ၊ ဇူလိုင် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို၊ (ဂ)ရပ်ကွက်တွင် လုံခြုံရေးအဖွဲများက အများပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရန်အတွက် လုံခြုံရေးဆောင်ရွက်နေစဉ် ယမန်နေ့ နေ့လည် ၂ နာရီခန့်တွင် PDF အကြမ်းဖက်သမားများက Drone ၁ စီးဖြင့် Drop Bomb ၂ လုံးအား ဖြုတ်ချဖောက်ခွဲခဲ့ရာ စာသင်ကျောင်း၏ မြောက်ဘက်ခြံစည်းရိုးအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လုံခြုံရေးအဖွဲများက ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ PDF အကြမ်းဖက်သမားများ၏ ဒရုန်း ၁ စီးအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများအနေဖြင့် ဒရုန်းများအသုံးပြု၍ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ အစိုးရအဆောက်အဦများ၊ တံတားများကို ဖောက်ခွဲဖျက်ဆီးမှုများ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည်။
#MyanmarNationalPost

No comments:
Post a Comment