မကွေးလေတပ်စခန်းဌာနချုပ်ကို ပစ်မှတ်ထား၍ PDF အကြမ်းဖက်သမားများက ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးလေတပ်စခန်းဌာနချုပ်ကို ပစ်မှတ်ထား၍ PDF အကြမ်းဖက်သမားများက ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်


MNP ၊ ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မကွေးလေတပ်စခန်းဌာနချုပ်ကို ပစ်မှတ်ထား၍ ယမန်နေ့ ည ၉ နာရီခွဲအချိန်ခန့်တွင် PDF အကြမ်းဖက်သမားများက ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများ ပစ်ခတ်တိုက်ခိုက်သည့် ရှော့တိုက်ဒုံး တစ်လုံးမှာ မကွေးဂေါက်ကွင်းအတွင်း ကျရောက်ခဲ့ပြီး ပေါက်ကွဲမှုမရှိကြောင်း၊ ကျန်သုံးလုံးမှာ လေတပ်စခန်း အတွင်းရှိ ယာခင်းများအတွင်း ကျရောက်ခဲ့ပြီး တစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထိုသို့ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲအချိန်တွင် လေတပ်အနီးရှိ မြို့ခံပြည်သူများမှ ပေါက်ကွဲသံ ကျယ်လောင်စွာ ကြားသိကြကြောင်း၊ ပေါက်ကွဲမှုမရှိသော ရှော့တိုက်ဒုံးများကို နယ်မြေခံလုံခြုံ ရေးအဖွဲ့များက စနစ်တကျ အန္တရာယ်ကင်းရှင်းစွာ ဖယ်ရှားပြီးဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ခဲ့သည့်နေရာအား အတည်ပြုဆဲဖြစ်ကြောင်းနှင့် ယခုတစ်ကြိမ် အပါအဝင် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်သမားများက မကွေးလေဆိပ်အား ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်မှု ၄ ကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)