MNP ၊ ဇူလိုင် ၁၉
နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိရပ်ကွက်မှ ရာအိမ်မှူး ဒေါ်ကေသွယ်ဦးအား ၁၇-၇-၂၀၂၃ ရက်နေ့ ယနေ့ည ၆နာရီခန့်က ရန်ပြုတိုက်ခိုက်ခဲ့သော သူရနိုင် ဆိုသူသည် PDF အကြမ်းဖက်အဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ဖြစ်စဉ်မှာ ၁၇-၇-၂၀၂၃ ရက်နေ့ ယနေ့ည ၆နာရီခန့်က ရာအိမ်မှူး ဒေါ်ကေသွယ်ဦး က ဒက္ခိဏသီရိရပ်ကွက် သူရိယလမ်းအတိုင်း ဆိုင်ကယ်စီးပြီးပြန်လာစဉ် မိကြွက်(ခ) မဝင်းသူဇာ ဘ ဦးခင်ညိုမှ ကျွန်မဗိုက်ကိုအကန်ခံထားရ၍ ကူညီပေးရန် ပြောဆိုကြောင်း၊ ဒေါ်ကေသွယ်ဦးမှလည်း ဆိုင်ကယ်ရပ်၍ ဘာဖြစ်တာလည်း မေးသောအခါ သူမ၏ အမျိုးသားက ဗိုက်ကိုကန်ခြင်းဖြစ်ကြောင်း၊ ရာအိမ်မှူး ဒေါ်ကေသွယ်ဦး မှ လင်မယားချင်ရန်မဖြစ်ကြရန် ပြောဆိုနေစဉ် မဝင်းသူဇာ၏ အမျိုးသား သူရနိုင် က ခင်ဗျားလား အုပ်ချုပ်ရေးမှူးကတော်၊ ခင်ဗျာလား ပြည်ခိုင်ဖြိုးကဆိုပြီး လက်ထဲပါလာသော ပုလင်ဖြင့်ရိုက်ရာ ဒေါ်ကေသွယ်ဦး က လက်ဖြင့် ခုခံကာကွယ်ခဲ့ရာ ပုလင်းကွဲပြီး လက်တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့သည်။
ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားလာသော သူရနိုင်မှ ကွဲသွားသော ပုလင်းစကိုကိုင်၍ ခင်ဗျားတို့ကို အသေသတ်မယ် ဟု ကြိမ်းဝါးကာ ဒေါ်ကေသွယ်ဦး ရင်ဝသို့ ထိုးရန် ကြိုးပမ်းရာ ဒေါ်ကေသွယ်ဦးမှ တိမ်းရှောင်၍ ပတ်ဝန်းကျင်အား အကူအညီတောင်းစဉ် သူရနိုင်မှ ဆိုင်ကယ်ဆီး၍ ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရဲစခန်းသို့လည်း ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း လင်ယောက်ျား၏ ညှဉ်းပမ်းနှိပ်စက်ခြင်း ခံရသည့် မဝင်းသူဇာကလည်း အရေးယူဆောင်ရွက်ပေးစေလိုသဖြင့် ရဲစခန်းသို့ ဆက်သွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားသူ သူရနိုင် မိသားစု အား စုံစမ်းရာ သူရနိုင်၏ ဖခင် ဦးဝင်းနိုင်သည် PDF အကြမ်းဖက်အဖွဲ့ကို အားပေးထောက်ခံသူဖြစ်ပြီး သူ၏ သားကိုလည်း PDF အဖွဲ့တွင် ထည့်ထားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
#MyanmarNationalPost



No comments:
Post a Comment