PDF အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ပါဝင်ဆင်နွှဲခဲ့ကြသည့် ဌာန ဆိုင်ရာဝန်ထမ်းများ၊ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအနက် ၁ဦး သေဆုံး၊ အသက် ၁၀ နှစ်အောက် ကလေးငယ် ၃ ဦးအပါအဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

PDF အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ပါဝင်ဆင်နွှဲခဲ့ကြသည့် ဌာန ဆိုင်ရာဝန်ထမ်းများ၊ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအနက် ၁ဦး သေဆုံး၊ အသက် ၁၀ နှစ်အောက် ကလေးငယ် ၃ ဦးအပါအဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိ




MNP ၊ ဇူလိုင် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ ခုံမင်းကြီးရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီမှ ၁၀ နာရီ ၃၀ မိနစ်ခန့်ထိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း ၂၀၀ ဦးတို့ဖြင့် ပါဝင်စိုက်ပျိုးခဲ့ပြီး မြို့တွင်းသို့ ပြန်လည်ထွက်ခွာလာစဉ်  PDF အမည်ခံ အကြမ်းဖက်သမားများက မြို့၏ မြောက်ဘက်နှင့် တောင်ဘက်တို့မှ ၂ ဖွဲ့ခွဲ၍ မြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် အကြောင်းမဲ့လာရောက် ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

အကြမ်းဖက်သမားများ၏ အကြောင်းမဲ့လာရောက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြို့အတွင်း နေရာအနှံ့အပြားသို့ လက်လုပ်စိန်ပြောင်းဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ ပြီး ပေါက်ကွဲမှုကြောင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအနက်  တစ်ဦး သေဆုံးခဲ့ရပြီး အသက် ၁၀ နှစ်အောက် ကလေးငယ် ၃ ဦးအပါအဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဗန္ဓုလရပ်ကွက်ရှိ ရောင်ခြည်ဦးဘုန်းတော်ကြီးကျောင်း တံခါးမှန်အချို့ ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူ များနှင့် ကျောင်းသား၊ ကျောင်းသူများအား ဘုတလင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ခံယူစေလျက်ရှိသည်။

ထိုကဲ့သို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ အပြစ်မဲ့အရပ်သားပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယုတ်မာရက်စက်စွာ  လက်လုပ်စိန်ပြောင်းများဖြင့် လာရောက်ပစ်ခတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)