Pages

Pages

သထုံမြို့နယ်တွင် သမဝါယမအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်




MNP ၊ ဇူလိုင် ၁၃

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့၊ နံနက်ပိုင်းက သမဝါယမအကြောင်း သိကောင်းစရာအသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို အွန်လိုင်းမှတစ်ဆင့် ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။


ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာစိုးက သမဝါယမလုပ်ငန်း ပေါ်ပေါက်လာသည့် သမိုင်းကြောင်း၊ သမဝါယမဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် မျှော်မှန်းချက်များ၊ သထုံမြို့နယ်အတွင်း ဆောင်ရွက်နေသည့် သမဝါယမလုပ်ငန်းစဉ်များ၊ သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မှု၊ အသင်းအဖွဲ့တို့၏ လုပ်ငန်းစဉ်များနှင့် အကျိုးကျေးဇူးများ၊ မြို့နယ်သမဝါယမ ဦးစီးဌာနအနေဖြင့် ‌ပြည်သူများထံ သမဝါယမအကြောင်း အသိပညာပေးလုပ်ငန်း စဉ်ဆက်မပြတ်ဆောင်ရွက်နေမှုများ စသည့် သိမှတ်ဖွယ်ရာများကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


သထုံခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်‌လျှက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment